Monday, August 25, 2014


Saturday, August 23, 2014


မြန်မာအစ၊ မြန်မာကဟု  -        
ရာဇ၀င်သမိုင်း၊ စာတင်နှိုင်းခဲ့
တို့တိုင်းရွှေပြည် ၊နှစ်ပေါင်းရှည်ကြာ
ရပ်တည်လာပေ ၊ညီညာအားပြု
မိသားစုများ၊ ပွားမှုချစ်ခင်
မေတ္တာယှဉ်လို့၊ စဉ်ဆက်ပေါက်ဖွား
သွေးရင်းများတည့်၊ ခြားနားရေမြေ
တောတောင်ဗွေနှင့်၊ မြစ်တွေစီးကာ
ပူအေးကွာလို့၊ ရိုးရာဓလေ့လှ
မတူကြလည်း၊ပူမျှအေးတူ
ဖေးမကူသည့်၊ မူရင်းစိတ်ဓာတ်
မြဲခိုင်မတ်စွာ၊ မပြတ်သွယ်ရစ်
မျိုးနွယ်ချစ်သည်၊
ခေတ်အဆက်ဆက်တိုင်ခဲ့တကား………။ 

          မြန်မာလူ့ဘောင်သည် ယဉ်ကျေး၏ ၊ သိမ့်မွေ့၏ ၊ သူတော်ကောင်းတရားလက်ကိုင်ထား၏ ၊ အမျိုးစောင့်၏ ။ စည်းလုံးညီညွတ်၏ ၊ ကိုယ့်မြေကိုယ့်ယာ ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်ကြ၏။ ရှေးခေတ်ဘိန်းနယ်ချဲ့ဗျူဟာ၊ ခေတ်သစ်ဘိန်းဖြူ၊ စိတ်ကြွဆေးပြား၊ သရုပ်ပျက်ယဉ်ကျေးမှုဗျူဟာတို့၏ သားကောင်တစ်ချို့ ဆွေမှန်းမသိ၊မျိုးမှန်းမသိ ဖြစ်လာရ၏။ တိုင်းတစ်ပါးကို အထင်ကြီး၏ ဤသို့အားဖြင့် တိုင်းခြားသာသြဇာခံ နယ်ချဲ့ပုဆိန်ရိုးများ ဖြစ်လာကြ၏။
          ဒီမိုကရေဟူသော မူလစကားအနက်အရင်းမှာ ဒီမို - ပြည်သူတို့အများအကျိုးအတွက် ပြည်သူအများစုကြီး ဆန္ဒအတိုင်း ပြည်သူ့အရေးအရာများကို ဖော်ဆောင်စီမံခွင့်သာ ဖြစ်သည်။ ဒီမိုဟူသည်မူလဂရိဘာသာ(နောက်တိုး အင်္ဂလိပ်ဘာသာ) အရ ပြည်သူလူထုဟူ၍ ဖြစ်၏။ ဒီမိုသည် နိုင်ငံရေးသမား၊နိုင်ငံရေးခေါင်းဆောင်ဟုလုံးဝ မရည်ညွန်းပါ။ ဒီမိုကရေစီစံကို မိမိတို့ပြည်တွင်းအတွက်စံတစ်စံ၊ ပြည်ပနိုင်ငံများအတွက်စံတစ်စံခွဲထားသော အနောက်ကိုလိုနီ နိုင်ငံကြီးများက ဒီမိုကရေစီသည် လွတ်လပ်စွာသပိတ်မှောက်၊ဆန္ဒပြ၊လွတ်လပ်စွာ(အစိုးရကို) ဝေဖန်(ဖြုတ်ချ)၊လွတ်လပ်စွာကိုးကွယ် စသည်ဖြင့် ဖွင့်ဆိုပေးလာ၏။ သူတို့ကိုလိုနီဝါဒီတို့ မနှစ်သက်သော၊ ပစ်မှတ်ထားသောနိုင်ငံများတွင် ယင်းနိုင်ငံအစိုးရဖယ်ရှား၊ ၎င်းတို့ရုပ်သေးအစိုးရကိုတင်ပေးရန် ဆူပူလှုပ်ရှားခွင့်၊ ပုန်ကန်ခြားနားခွင့်၊ အစိုးရမပြုတ်မချင်း သပိတ်စခန်းဖွင့်ကာ ခပ်ကြမ်းကြမ်း(ခေါင်းဖြတ်သတ်ခြင်းအပါအ၀င်)နည်းစုံ သုံးခွင့်၊ ဥပဒေချိုးဖောက်ခွင့်တို့ကို ဒီမိုကရေစီလူ့အခွင့်အရေးဟု သညာပေး သွေးထိုးမြှောက်ပင့်ပေးလာသည်။
·      

           စိတ်ကူးတွေ ကောင်းကင်မှာလေလွင့်
·         စောစောစီးစီးထတဲ့အကျင့်
·         ငါ့မှာမရှိခဲ့ဘူးလေ………………………..
·         ဒါပေမယ့်……………………………
·         အနာဂတ်ကိုမျှော်မှန်း
·         ရည်ရွယ်ထားတဲ့ ချစ်သူနဲ့
·         အတူတူလျှောက်လှမ်းဖို့တော့
·         အရာရာပြင်ဆင်ရမှာပဲလေ……………………….
·         “ ဘ၀ ”ဆိုတဲ့ လောကဓံ
·         ကြံ့ကြံ့ခိုင်ဖို့ ငါရဲရင့်ချင်တယ်
·         အနာဂတ်လမ်းဟာ
·         မျှော်လင့်သလောက် မဖြောင့်ဖြူးပေမယ့်
·         မျှော်လင့်ချက်နဲ့ လျှောက်လှမ်းရမှာပဲ
·         ကြုံတွေ့ရမယ့် ဘ၀ အခက်အခဲကို
·         တစ်ယောက်တည်း မဟုတ်တောင်
·         နှစ်ယောက်အတူ ဖြေရှင်းနိုင်ပါစေလို့
·         ဆုတောင်းရင်း ဘ၀ ဆိုတဲ့
·         “ မနက်ဖြန် ” အတွက် ပြင်ဆင်ကြရအောင်……………………………..
  “ မ ” အတွက်


Friday, August 22, 2014


ရွေးကောက်ပွဲတို့ နီးကပ်လာပြီ ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီအားလုံး များစွာ အလုပ်လုပ်ကြ အခက်အခဲများကို ကျော်ဖြတ်ကြရမည်ဖြစ်သည်။ ကိုယ့်လူမျိုး၊ ကိုယ့်မျိုးဆက်များအတွက် ဟူသောစိတ်ဖြင့် ကျော်ဖြတ်နိုင်ကြပါလိမ့်မည်။ ပါတီအားလုံးတော့ဖြစ်ဟန်မတူ။ ထိုစိတ်တွင် Intrusic Value ဟူသော သဘာဝအရ ပင်ကိုပါ တန်ဖိုးရှိနေပါသည်။ ထို့ပြင် Intrusic Power တို့လည်း ရှိနေသည်။ စိတ်ထားမှန်လျှင် ဤတန်ဖိုးကို မသေးချေ။ ထိုတန်ဖိုး၊ ထိုစွမ်းရည်များဖြင့် လာမည့် ရွေးကောက်ပွဲကို အစကောင်းစွာကျော်ဖြတ် ကူးပြောင်းနိုင်ရန် ဆန္ဒပြုရပါသည်။
သမ္မတကြီးဦးသိန်းစိန်
---------------------
မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများကိုသာ အလေးထားပြောနေမည့်အစား အောင်မြင်မှုများကို အသိအမှတ်ပြုပြီး အဆိုပါ အောင်မြင်မှုများအခြေခိုင်အောင် အကူအညီပေးသင့်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
+++

အတိုက်အခံခေါင်းဆောင်ဒေါ်စု
------------------------------
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မိမိတို့ပါတီ အာဏာမရရှိခဲ့လျှင် ပိတ်ဆို့မှုများကို ယခုထက်ပိုမို တင်းကြပ်သော အဆင့်တစ်ခုအထိ ရောက်ရှိအောင် အမေရိကန်အနေဖြင့် တိုးမြင့်ဖိအားပေးမည်ဟု မိမိအနေဖြင့် ယုံကြည်ထားပါတယ် ။

+

Saturday, August 9, 2014


၈၀-အစပိုင်းကနေ စပြီး ဆိုရှယ်လစ် ယန္တရားကြီးဟာ အလုပ် မဖြစ်တော့ဘူး။ ၈၅-နောက်ပိုင်းမှာ ပိုပြီးသိသာလာတယ်။ မှောင်ခို ဈေးကွက်တွေ ပေါ်လာတယ်။ ပြည်ပ အလုပ်လုပ်ခွင့်တွေ ဖွင့်ပေးလိုက်တယ်။

မျက်စိပွင့်နားပွင့်လာတဲ့ ပြည်သူတွေဟာ အပြောင်းအလဲ တစ်ခုခုကို လိုချင်လာတာ။ မဆလ ခေါင်းဆောင်ပိုင်း ကလည်း သိတယ်။ ပြောင်းဖို့ လုပ်နေပြီ။ ဖြေလျော့မှုတွေ လုပ်နေပြီ။ ယတြာတွေ ဘာတွေက အစပေါ့။

အဲဒီ အချိန်မှာ အာအိုင်တီ ကိစ္စ ဖြစ်တယ်။ ပထမ တောင်းဆိုတာက ကိုဘုန်းမော် သေဆုံးရာမှာ တာဝန်ရှိသူကို အရေးယူပေးဖို့ ကျောင်းသား စစ်စစ်တွေရဲ့ မှန်ကန်တဲ့ တောင်းဆိုချက်ပါ။ နောက်ပိုင်း နိုင်ငံရေးတွေ ပါလာတယ်။

လန်ဘား ဦးတင်ဦးကို ဆွဲစိလိုက်ပြီးတဲ့ နောက်ပိုင်း မဆလှရဲ့ ထောက်လှမ်းရေး ဟာ အတော် အားနဲ သွားတယ်။ လန်ဘား တင်ဦးဟာ ဗိုလ်ဘဝ ထဲက ရေကြည်အိုင်မှာ စ ခဲ့တာ။ သူ့မှာ အတွေ့ အကြုံတွေ အများကြီး ရှိတယ်။ အဲဒီတော့ ဗကပရဲ့ ကျောင်းသားတွေကို ချကျွေးတဲ့ အကွက်မှာ ခံသွားရတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပွဲထုတ်လာတယ်။ ပြည်သူတွေက လက်ခံတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေကို ထိရောက်တဲ့ ခေါင်းဆောင်မှု မပေးနိုင်ခဲ့ဘူး။ သူ့မှာ ပရင်စီပယ် ဆိုတဲ့ စံနှုန်း၊ ခရိုက်စမာ ဆိုတဲ့ ပုံရိပ် ကလွဲရင် ခေါင်းဆောင် အရည်အချင်း မရှိဘူး။ ခေါင်းဆောင် အရည်အချင်း မရှိတဲ့ သူကို ဘာလို့ ခေါင်းဆောင်တင်ရသလည်း မေးစရာ ရှိတယ်။

ရှင်းပါတယ်။ သူ့ကို အသုံးချပြီး နောက်ကွယ်က ချယ်လှယ်ချင်လို့။

၈၈-မှာ ပြည်သူတွေက ခေါက်ရိုးကျိုးနေတဲ့ မဆလ တစ်ပါတီ အာဏာရှင် စနစ်ကို ဖယ်ရှားပေးခဲ့တယ်။ ဦးနေဝင်းက စလို့ မဆလ သမ္မတတွေ လပိုင်း အတွင်းမှာ ထွက်သွားတာဟာ ပြည်သူတွေက တောင်းဆိုလို့။ ပြည်သူ့ဖိအားကြောင့်။ ပြည်သူ့ ဆန္ဒကြောင့်။

ပြည်သူတွေက ရယူပေးခဲ့တဲ့ အခွင့်အရေးကို အပြည့်အဝ အသုံးမချ နိုင်ခဲ့တာ ဘယ်သူတွေတုန်း? အခုတဲ့ သေတဲ့ သူတွေ ကို အသုံးချပြီး စားကောင်း သောက်ကောင်း နေကြတုန်း။

ရှက်တတ်ရင် လဲ သေကြဖို့ ကောင်းတယ်။



ရာဇာဓိ ရာဇာ

အော် ............လူငယ် နေရာပေးအပ်တာတဲ့ ကြည့်ကြပါအုံး လူငယ်တွေ၊ တက်သစ်စလူငယ်တွေကို ဈေးရောင်းခိုင်းနေတာပါလား....................

အဖ ဗိုလ်ချုပ်ရဲ့ မျက်နျာကိုမှ မထောက် ၊ မြန်မာပြည်သူ ပြည်သားများရဲ့ ဘ၀ ကိုမှ မစာမနာ လုပ်ရက်ပါပေ့ဗျာ.............

Friday, August 1, 2014

လုပ်ကြပါအုံးရှင့်...................ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ပြောပြကြပါအုံး....................ကျွန်မဘယ်လိုလုပ်သင့်သလဲ ???????

မိမိတို့ အများစုသည် ကိုယ်မသိဘဲနှင့် အလောင်းဖော်ရောင်းစားသူများ ဖြစ်နေကြသည်။ အလောင်းဖော်ရောင်းစားသူ များဆိုသည်မှာ- အတိတ်ကကြေကွဲစရာဖြစ်ရပ်တစ်ခု(သို့မဟုတ်) အမှားတစ်ခုကို သင့်စိတ်ထဲတွင် အကြိမ်ကြိမ် အထပ်ထပ်တွေးတောပြီး အစပြန်ဖော်ခြင်းသည် အုတ်ဂူတစ်ခုအား ပြန်ဖွင့်ခြင်ပင် ဖြစ်သည် ဟုဆိုသည်၊ အုတ်ဂူအား သင်ဖွင့်လိုက်ပြီဆိုပါက မည်သည့်အရာကို မြင်တွေ့ရမည်ကို သင်သိပြီးသားဖြစ်သည်။ သင်၏ ကြေကွဲစရာ၊ သင်၏ အမှားအယွင်းများကို သူတစ်ပါးအား ပြန်ပြောပြကပို၍ပင် ဆိုးသေးသည်။ ဒါကြောင့်ယခုလက်ရှိအတွင်းမှာပဲ နေထိုင်ပါ သင်၏ လက်ရှိဘ၀ ပြဿနာများကို ဖြေရှင်းပါ၊အနာဂတ်အတွက် အသိဥာဏ်ဖြင့် ကြိုတင်ပြင်ဆင်ပါ။ သို့သော်လည်း အတိတ်ကို တစ်ယောက်တည်း ပစ်ထားလိုက်ပါ။ သေသူက သေသူအားမြေမြုပ်စေလော့။



လူ့ဘ၀ဆိုသည်မှာ အလောင်းဖော်ရောင်းစားခြင်း မပြုထိုက်အောင် အဖိုးတန်လွန်းလှပါသည်။ သို့ဖြစ်၍ အတိတ်ကို ချန်ထားခဲ့ပါ။ အတိတ်ကို လွတ်လပ်ခွင့်ပေးလိုက်ပါ။ အုတ်ဂူကို သွားမဖောက်ပါနှင့်။ ဖောက်မိပါက သေဆုံးသွားပြီဖြစ် သည့် အမှားအယွင်းများ၊ မအောင်မြင်မှုများ၊ အတိတ်ဖြစ်ရပ်များ၏ အရိုးစုများကို ပြန်မြင်နေရပါလိမ့်မည်သာ ဖြစ်သည်။

အမှားကျူးလွန်ရမည်ကို သင်ကြောက်ရွံ့ပါသလား။ လူများစွာသည် အမှားကျူးလွန်ရန်ကြောက်ရွံ့ တတ်ပါသည်။ လူများသာမဟုတ်ပါ အစိုးရများကလည်း အမှားကျူးလွန်ရန် တစ်ခါတစ်ရံတွင် ကြောက်ရွံ့တတ်ကြပါသည်။ မိမိတို့ ကြိုးစားပြီး မအောင်မြင်သမျှကို ဆက်လက်မဆောင်ရွက်ပါက မိမိတို့အနေဖြင့် ဘယ်နေရာမှ ခရီးပေါက်တော့မည် မဟုတ်ပါ။ ကလေးပေါက်စအရွယ်က သင်သည် ပထမဦးဆုံး အကြိမ်အဖြစ် ယိုင်ထိုးလဲကျဖူးလိမ့်မည်။ သို့ဆိုလျှင် လမ်းလျောက်တတ်မကြိုးစားတော့ပဲ အင်းလေ၊ လမ်းလျှောက်လို့လည်း မရပါဘူး၊ အလုပ်လည်းဖြစ်မှာ မဟုတ်ပါဘူး ဟု သင်ဆိုခဲ့ဘူးပါသလော။ ရိုးရိုးသင်္ချာတွက်ချက်ရာတွင် သင်တစ်ခါမှားယုံဖြင့် သင်္ချာတွက်ဖြင်းအလုပ်ကို သင်လုံးဝ စွန့်လွှတ်လိုက်ပြီ ဆိုပါစို့။ သို့ဆိုလျှင်သင့်အနေဖြင့် ဘယ်တော့မှ အကြွေလဲတတ်တော့မှာ မဟုတ်ပါ။ ဈေးဝယ်တတ် မည်မဟုတ်ပါ။ ဘာမှာလည်းလုပ်နိုင်တော့မည် မဟုတ်ပါ။