Saturday, August 9, 2014


၈၀-အစပိုင်းကနေ စပြီး ဆိုရှယ်လစ် ယန္တရားကြီးဟာ အလုပ် မဖြစ်တော့ဘူး။ ၈၅-နောက်ပိုင်းမှာ ပိုပြီးသိသာလာတယ်။ မှောင်ခို ဈေးကွက်တွေ ပေါ်လာတယ်။ ပြည်ပ အလုပ်လုပ်ခွင့်တွေ ဖွင့်ပေးလိုက်တယ်။

မျက်စိပွင့်နားပွင့်လာတဲ့ ပြည်သူတွေဟာ အပြောင်းအလဲ တစ်ခုခုကို လိုချင်လာတာ။ မဆလ ခေါင်းဆောင်ပိုင်း ကလည်း သိတယ်။ ပြောင်းဖို့ လုပ်နေပြီ။ ဖြေလျော့မှုတွေ လုပ်နေပြီ။ ယတြာတွေ ဘာတွေက အစပေါ့။

အဲဒီ အချိန်မှာ အာအိုင်တီ ကိစ္စ ဖြစ်တယ်။ ပထမ တောင်းဆိုတာက ကိုဘုန်းမော် သေဆုံးရာမှာ တာဝန်ရှိသူကို အရေးယူပေးဖို့ ကျောင်းသား စစ်စစ်တွေရဲ့ မှန်ကန်တဲ့ တောင်းဆိုချက်ပါ။ နောက်ပိုင်း နိုင်ငံရေးတွေ ပါလာတယ်။

လန်ဘား ဦးတင်ဦးကို ဆွဲစိလိုက်ပြီးတဲ့ နောက်ပိုင်း မဆလှရဲ့ ထောက်လှမ်းရေး ဟာ အတော် အားနဲ သွားတယ်။ လန်ဘား တင်ဦးဟာ ဗိုလ်ဘဝ ထဲက ရေကြည်အိုင်မှာ စ ခဲ့တာ။ သူ့မှာ အတွေ့ အကြုံတွေ အများကြီး ရှိတယ်။ အဲဒီတော့ ဗကပရဲ့ ကျောင်းသားတွေကို ချကျွေးတဲ့ အကွက်မှာ ခံသွားရတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပွဲထုတ်လာတယ်။ ပြည်သူတွေက လက်ခံတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေကို ထိရောက်တဲ့ ခေါင်းဆောင်မှု မပေးနိုင်ခဲ့ဘူး။ သူ့မှာ ပရင်စီပယ် ဆိုတဲ့ စံနှုန်း၊ ခရိုက်စမာ ဆိုတဲ့ ပုံရိပ် ကလွဲရင် ခေါင်းဆောင် အရည်အချင်း မရှိဘူး။ ခေါင်းဆောင် အရည်အချင်း မရှိတဲ့ သူကို ဘာလို့ ခေါင်းဆောင်တင်ရသလည်း မေးစရာ ရှိတယ်။

ရှင်းပါတယ်။ သူ့ကို အသုံးချပြီး နောက်ကွယ်က ချယ်လှယ်ချင်လို့။

၈၈-မှာ ပြည်သူတွေက ခေါက်ရိုးကျိုးနေတဲ့ မဆလ တစ်ပါတီ အာဏာရှင် စနစ်ကို ဖယ်ရှားပေးခဲ့တယ်။ ဦးနေဝင်းက စလို့ မဆလ သမ္မတတွေ လပိုင်း အတွင်းမှာ ထွက်သွားတာဟာ ပြည်သူတွေက တောင်းဆိုလို့။ ပြည်သူ့ဖိအားကြောင့်။ ပြည်သူ့ ဆန္ဒကြောင့်။

ပြည်သူတွေက ရယူပေးခဲ့တဲ့ အခွင့်အရေးကို အပြည့်အဝ အသုံးမချ နိုင်ခဲ့တာ ဘယ်သူတွေတုန်း? အခုတဲ့ သေတဲ့ သူတွေ ကို အသုံးချပြီး စားကောင်း သောက်ကောင်း နေကြတုန်း။

ရှက်တတ်ရင် လဲ သေကြဖို့ ကောင်းတယ်။



ရာဇာဓိ ရာဇာ

0 comments :

Post a Comment