Saturday, August 23, 2014


မြန်မာအစ၊ မြန်မာကဟု  -        
ရာဇ၀င်သမိုင်း၊ စာတင်နှိုင်းခဲ့
တို့တိုင်းရွှေပြည် ၊နှစ်ပေါင်းရှည်ကြာ
ရပ်တည်လာပေ ၊ညီညာအားပြု
မိသားစုများ၊ ပွားမှုချစ်ခင်
မေတ္တာယှဉ်လို့၊ စဉ်ဆက်ပေါက်ဖွား
သွေးရင်းများတည့်၊ ခြားနားရေမြေ
တောတောင်ဗွေနှင့်၊ မြစ်တွေစီးကာ
ပူအေးကွာလို့၊ ရိုးရာဓလေ့လှ
မတူကြလည်း၊ပူမျှအေးတူ
ဖေးမကူသည့်၊ မူရင်းစိတ်ဓာတ်
မြဲခိုင်မတ်စွာ၊ မပြတ်သွယ်ရစ်
မျိုးနွယ်ချစ်သည်၊
ခေတ်အဆက်ဆက်တိုင်ခဲ့တကား………။ 
လူမျိုးရာကျော်၊ တို့မြေပေါ်မှာ
ပျော်ရွှင်အခြေချ၊ နေလာကြသည်
ကချင်၊ကယား၊ကရင်၊ချင်းများပါ
ဗမာ၊မွန်၊ရခိုင်၊ရှမ်းတူပြိုင်လို့
နိုင်ငံတည်၊“မြန်မာ”ပြည်ဟု
ညီညာသတ်မှတ်၊ကမ္ဘာရပ်သိ
ဂုဏ်ဒြပ်ရှိခဲ့တကား…………….။

ကိုလိုနီခေတ်၊သူကျွန်ဖြစ်စဉ်
ကောက်ကျစ်နယ်ချဲ့၊သပ်လျှိခဲ့ပြီး
ဖဲ့ယူမှည့်သည်၊“ဗမာ”ပြည်ဟု
အမည်လွဲမှား၊သူခွဲခြားလို့
“ဘားမား”သုံးစွဲ၊လူမျိုးကွဲအောင်
သွေးခွဲခဲ့ကြ၊သာဓကကို
သတိရစေချင်တကား………..။
တိုင်းရင်းသားပေါင်းစု၊ကိုယ်စားပြုသည့်
တစ်ခုတည်းအမည်“မြန်မာပြည်”တည့်
ကြိုးနီပတ်ရစ်၊နယ်ချဲ့ခေတ်ကို
ဆန်းသစ်ပေါ်လွင်၊ဖော်ချင်နှင့်“
မျှော်မြင်ကြီးစွာ၊လုပ်ဆောင်ပါလို့

မေတ္တာရပ်ခံချင်တကား…………။  (ပျဉ်းမနား-မြင့်လှိုင်)

0 comments :

Post a Comment