·
စိတ်ကူးတွေ ကောင်းကင်မှာလေလွင့်
·
စောစောစီးစီးထတဲ့အကျင့်
·
ငါ့မှာမရှိခဲ့ဘူးလေ………………………..
·
ဒါပေမယ့်……………………………
·
အနာဂတ်ကိုမျှော်မှန်း
·
ရည်ရွယ်ထားတဲ့ ချစ်သူနဲ့
·
အတူတူလျှောက်လှမ်းဖို့တော့
·
အရာရာပြင်ဆင်ရမှာပဲလေ……………………….
·
“ ဘ၀ ”ဆိုတဲ့ လောကဓံ
·
ကြံ့ကြံ့ခိုင်ဖို့ ငါရဲရင့်ချင်တယ်
·
အနာဂတ်လမ်းဟာ
·
မျှော်လင့်သလောက် မဖြောင့်ဖြူးပေမယ့်
·
မျှော်လင့်ချက်နဲ့ လျှောက်လှမ်းရမှာပဲ
·
ကြုံတွေ့ရမယ့် ဘ၀ အခက်အခဲကို
·
တစ်ယောက်တည်း မဟုတ်တောင်
·
နှစ်ယောက်အတူ ဖြေရှင်းနိုင်ပါစေလို့
·
ဆုတောင်းရင်း ဘ၀ ဆိုတဲ့
·
“ မနက်ဖြန် ” အတွက် ပြင်ဆင်ကြရအောင်……………………………..
“
မ ” အတွက်
12:00 PM
နတ်သမီးထောင်ချောက်

Posted in
0 comments :
Post a Comment