Friday, August 1, 2014


အမှားကျူးလွန်ရမည်ကို သင်ကြောက်ရွံ့ပါသလား။ လူများစွာသည် အမှားကျူးလွန်ရန်ကြောက်ရွံ့ တတ်ပါသည်။ လူများသာမဟုတ်ပါ အစိုးရများကလည်း အမှားကျူးလွန်ရန် တစ်ခါတစ်ရံတွင် ကြောက်ရွံ့တတ်ကြပါသည်။ မိမိတို့ ကြိုးစားပြီး မအောင်မြင်သမျှကို ဆက်လက်မဆောင်ရွက်ပါက မိမိတို့အနေဖြင့် ဘယ်နေရာမှ ခရီးပေါက်တော့မည် မဟုတ်ပါ။ ကလေးပေါက်စအရွယ်က သင်သည် ပထမဦးဆုံး အကြိမ်အဖြစ် ယိုင်ထိုးလဲကျဖူးလိမ့်မည်။ သို့ဆိုလျှင် လမ်းလျောက်တတ်မကြိုးစားတော့ပဲ အင်းလေ၊ လမ်းလျှောက်လို့လည်း မရပါဘူး၊ အလုပ်လည်းဖြစ်မှာ မဟုတ်ပါဘူး ဟု သင်ဆိုခဲ့ဘူးပါသလော။ ရိုးရိုးသင်္ချာတွက်ချက်ရာတွင် သင်တစ်ခါမှားယုံဖြင့် သင်္ချာတွက်ဖြင်းအလုပ်ကို သင်လုံးဝ စွန့်လွှတ်လိုက်ပြီ ဆိုပါစို့။ သို့ဆိုလျှင်သင့်အနေဖြင့် ဘယ်တော့မှ အကြွေလဲတတ်တော့မှာ မဟုတ်ပါ။ ဈေးဝယ်တတ် မည်မဟုတ်ပါ။ ဘာမှာလည်းလုပ်နိုင်တော့မည် မဟုတ်ပါ။

0 comments :

Post a Comment