မိမိတို့ အများစုသည် ကိုယ်မသိဘဲနှင့် အလောင်းဖော်ရောင်းစားသူများ ဖြစ်နေကြသည်။ အလောင်းဖော်ရောင်းစားသူ များဆိုသည်မှာ- အတိတ်ကကြေကွဲစရာဖြစ်ရပ်တစ်ခု(သို့မဟုတ်) အမှားတစ်ခုကို သင့်စိတ်ထဲတွင် အကြိမ်ကြိမ် အထပ်ထပ်တွေးတောပြီး အစပြန်ဖော်ခြင်းသည် အုတ်ဂူတစ်ခုအား ပြန်ဖွင့်ခြင်ပင် ဖြစ်သည် ဟုဆိုသည်၊ အုတ်ဂူအား သင်ဖွင့်လိုက်ပြီဆိုပါက မည်သည့်အရာကို မြင်တွေ့ရမည်ကို သင်သိပြီးသားဖြစ်သည်။ သင်၏ ကြေကွဲစရာ၊ သင်၏ အမှားအယွင်းများကို သူတစ်ပါးအား ပြန်ပြောပြကပို၍ပင် ဆိုးသေးသည်။ ဒါကြောင့်ယခုလက်ရှိအတွင်းမှာပဲ နေထိုင်ပါ သင်၏ လက်ရှိဘ၀ ပြဿနာများကို ဖြေရှင်းပါ၊အနာဂတ်အတွက် အသိဥာဏ်ဖြင့် ကြိုတင်ပြင်ဆင်ပါ။ သို့သော်လည်း အတိတ်ကို တစ်ယောက်တည်း ပစ်ထားလိုက်ပါ။ သေသူက သေသူအားမြေမြုပ်စေလော့။
လူ့ဘ၀ဆိုသည်မှာ အလောင်းဖော်ရောင်းစားခြင်း မပြုထိုက်အောင် အဖိုးတန်လွန်းလှပါသည်။ သို့ဖြစ်၍ အတိတ်ကို ချန်ထားခဲ့ပါ။ အတိတ်ကို လွတ်လပ်ခွင့်ပေးလိုက်ပါ။ အုတ်ဂူကို သွားမဖောက်ပါနှင့်။ ဖောက်မိပါက သေဆုံးသွားပြီဖြစ် သည့် အမှားအယွင်းများ၊ မအောင်မြင်မှုများ၊ အတိတ်ဖြစ်ရပ်များ၏ အရိုးစုများကို ပြန်မြင်နေရပါလိမ့်မည်သာ ဖြစ်သည်။
6:01 PM
နတ်သမီးထောင်ချောက်

Posted in
0 comments :
Post a Comment